Trauma တွေကိုငါမ၀ယ်ခဲ့ပါဘူး။အလကားရလာခဲ့တာ။ လူသားတွေဟာ
တစ်ချိန်ကရရှိလာတဲ့ ထရော်မာတွေနဲ့ တခြားလူတွေကို ထရော်မာတွေ ထပ်ပေးတယ်။ထရော်မာတွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီး
။ (အပူစီးကူးနည်း) ။ Self-Centered တွေးပြီး သရုပ်ဆောင်နေတဲ့ဇာတ်ဝင်ခန်းမှာ မင်းသားမင်းသမီးတွေချည်း
သိပ်များတယ်။
( ကောက်ကွေ့ )
လူ့ အဖြစ်မှာရှင်သန်နေထိုင်ရတာ တစ်ကယ်တော့သိပ်မလွယ်လှတာ
လူတိုင်း သိနေ တာပဲ။ နေဝင်တယ်မိုးချုပ်သွားတယ် ဆိုတာတွေလောက်ဘယ်အရာကမှ အမြဲ ရိုးရှင်း
မနေကြဘူး။ အဲဒီနေ့ ကနေသာတယ်ဆိုတာမျိုးပြောဖို့ ဆို နေမသာတဲ့နေ့ တွေမှတ်မိ နေဦးမှ။
ရိုးရိုးရှင်းရှင်း ဖြောင့်တန်းနေမှုတွေကို တွေးတောမိတိုင်းပြုံးမိတယ်ဆိုတာ လူသွားလမ်းကလေး
တွေမြင်မိရာကနေစတာပဲ။
လူတွေကလမ်းဖြောင့်ဖြောင့် မသွား တတ်တာလား။ လမ်းတွေကလူသွားသာအောင်
မဖြောင့်တာလား ဘယ်အရာကအရင်စခဲ့မှန်းလည်း ကြာပြီဆိုတော့မသိနိုင်ကြတော့ ဘူး။ ဒါပေမယ့်လည်း
ကောက်ကောက် ကွေ့ ကွေ့ လမ်းလေးတွေကိုမြင်တိုင်းပြုံးနေ မိတတ်တာတော့ အတော်ကြာသွားခဲ့ပြီ။
အဖြောင့်အတိုင်းအမြဲလျှောက်နေဖို့ ဆိုတာ က ခက်ချင်လည်းခက်နေတာဖြစ်မှာပေါ့လေ ဘယ်ပြောနိုင်ပါ့မလဲ။
တောင်ပတ်လမ်း တွေကတော့ အမြဲ လိုလိုကွေ့ ပတ်တက် နေရတာ ။ အမြင့်ဟာအဖြာင့်အတိုင်းဆိုရင်
တက်ဖို့  မလွယ်တာလည်းနေချင်နေမှာ ပေါ့။ လမ်းအိုလိုက်ရမယ်ဆိုတဲ့စကားနဲ့ အရင် လိုနေခဲ့မိတဲ့ခရီးမိုင်တွေ
ဘယ်လောက်ရှိ ခဲ့ပြီမှန်း ခုဆိုညိုလည်းရေရေရာရာမမှတ် မိတော့ဘူး။
ရည်ရွယ်ရာအရပ်ဆိုတာဆီကို အရောက်သွားမယ်ဆိုပြီးတာထွက်ခဲ့ပေမယ့်
လူသား ဖြစ်စဉ်အရနေမှာပါပဲ ညို့ လမ်းတွေလည်း ကောက်ကွေးတွန့် လိမ်နေခဲ့ကြတာ မနည်း ဖြောင့်အောင်ပြန်ဆန်
့ရပေမယ့် ပြန့် ပြူးလှတယ်တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ ပျံတက်သွားကြတဲ့လေယာဉ်ပျံတွေတောင်
ရည်ရွယ်ရာပျောက်ဆုံးပြီး လေထဲတင် ကွယ်ပျောက်သွားကြသေးတဲ့ကမ္ဘာမှာ ညိုတို့ နေနေကြရတာမို
့ လမ်းတစ်ချို့  ပျောက်သွားကြတာလောက်ကို အပြစ်တင်လို့ မတရားဘူးထင်ပြီး ညိုကတော့လမ်း
အသစ်တွေ ထပ်ထပ်ဖောက်ခဲ့ရတာ။
ညို့ ပတ်ဝန်းကျင်ကပုံမှန်မဟုတ်တဲ့ အံ့သြစရာတုန့် ပြန်ပြုမူဆောင်ရွက်ပုံတွေကိုမြင်
တိုင်း အံ့အားသင့်စရာ စိတ်နေသဘာဝတွေကိုမြင်တွေ့ ရတိုင်း သူတို့ ငယ်ဘဝ Trauma တွေ ၊
အဲဒီကနေ ဆက်စပ်လာတဲ့ကြီးကောင်ဝင်စ Trauma တွေကို တစေ့ တစောင်းအမြဲ လေ့လာစောင့်ကြည့်ချင်ခဲ့တယ်။
စိတ်ပညာကသိပ္ပံနည်းကျသလို တွေ့  ရှိချက် တွေကလည်းအထိုက်အလျောက် ခိုင်ခိုင်မာမာသုတေသန
လုပ်ထားပြီးသားမို့ မှန်တဲ့ရာခိုင်နှုန်းလည်းများမှာပါပဲ။ စိတ်ဆိုတဲ့သဘာဝအရကိုက အပြင်ဘက်မှာ
အဖြူပါ ဆိုရင်တောင် လူမမြင်နိုင်တဲ့အတွင်းနက်ထဲမှာ ညစ်ပတ်ပေရေနေတာများတယ်။ သွေး စက်လက်နဲ
့စွန်းထင်းနေတတ်ကြတာမျိုး။ ကန်နေကြဘောလုံးကွင်းမှာ ကန်နေကြ အသင်းနဲ့ ကစားရင်တောင် ကစားနေကျ
ကစားကွက်ကဆိုတာမျိုးက ပြန်ရချင်မှရတတ်တာ။
ကံစိတ်ဥတုအာဟာရဆိုတာရဲ့  ဘောင်အပြင် ဘက်မှာဘာတွေများထပ်နေကြဦးမှာလဲ။
လျှောက်နေကြလမ်းက ခလုတ်ကန်သင်းတွေ ကိုလည်း တစ်ကယ်တမ်းတော့ အမြဲ မရှောင်တိမ်းနိုင်ခဲ့ဘူး။
သတိဆိုတာ ပြောကြ သလောက် ဈေးပေါဟန်မတူတော့ သွားနေကျလမ်းမှာ ရှိနေကြမဟုတ်တဲ့ လောကဓံ တွေ
စောင့်နေတတ်တယ်။မကျူးလွန် ခဲ့တဲ့ ဝဋ်တွေ အခုညို့  ကမ္ဘာ့မှာ အစီအရီ။ အစိမ်းလိုက်ကြီးပဲ့ကြွေကျဖို
့ကမ္ဘာ ဘယ်နှစ်ခုစာ ပျက်သုန်း ပေးခဲ့ရမယ် မသိတော့ဘူး။ဘဝကတိုတယ် ပြောကြ ရှည်တယ် ပြောကြ
နဲ့ ဘယ် ယန္တယားထဲ ပစ်ထည့်ရမှာမှန်း မသိတဲ့လောကဓံတိုတစ်ချို့ ရှည်တစ်ချို့ နဲ့ ပျင်းဖို
့သိပ်ကောင်းတယ် ။
ခွေးလေခွေးလွင့်တွေကိုသုတ်သင်ဖို့ ပြောရင်လည်း အတ္တတွေပဲအရောင်လက်လက်ဖြာ
လာကြဦးမယ်။ ခွေးရူးတွေကိုသေသေချာချာသိမ်းထားပေးကြပါ။ ဒီကမ္ဘာကြီးမှာ လူတွေ ရူးသွားရင်
ဘာမှမဖြစ်ပေမယ့် ခွေးတွေရူးလို့ မဖြစ်ဘူး။ အဲဒါနဲ့ ညိုလည်းပဲ ခွေးလေး တစ်ကောင်ကို ကြင်ကြင်နာနာစောင့်ရှောက်ထားဖြစ်တယ်။
သူ့ ကိုကြင်နာရတဲ့အခါ မေတ္တာတရားနဲ့ နီးစပ်သယောင်ယောင်တော့ ဖြစ်သွားခဲ့တယ်ဆိုပြီး ထင်ရတာကို
ညို လည်းကျေနပ်နေတယ်ထင်ပါရဲ့ ။
အဆင်သင့်ပုံစံ နွားခြေရာအဖွဲ့အစည်းဟာမိသားစုဆို ကျွန်တော်ဟာ
တစ်ခါသုံး ခွက်သာသာ။
( ကောက်ကွေ့ )
ကိုယ့်အထွာနဲ့ ကိုယ်ဆိုပေမယ့်လည်း ဒုက္ခရဲ့ အလျားအနံက တစ်ကယ်တော့
တိုင်းရ ခက် တယ်။ “ဒုက္ခငပိအိုးလေးပါကိုရယ်လွှင့်ပစ်လိုက်ပါနံတယ်”လို့ ညို ပြောတော့ ကိုက
”လွှတ်မချ ရက်တဲ့ဝဋ်ဒုက္ခလေးပါညိုရယ်” တဲ့လေ။ ပြောလို့ သာပြောရတယ် တစ်ကယ် က ကို့  အသံနဲ
့သာလမ်းမပြရင် ညို့ ကမ္ဘာက သိပ်မှောင်မယ်ထင်တယ်။ အဲဒီတော့ လည်း “ အသံနဲ့ လည်း ရောက်ပါရစေ
အလင်းနဲ့ လည်းရောက်ပါရစေ” ဆိုတဲ့”ဇာတိ” ရဲ့ ကဗျာစာသား ကညို့  ရင်ထဲဝင်လာပြန်တယ်။ စိတ်ထဲကအဟတွေ
လစ်ဟာ ချက် တွေနဲ့ နေခဲ့ကြုံခဲ့ရတဲ့သူတွေဟာ သူ့ အနာသူမသိသမျှ၊ လက်မခံချင် နားမလည်ချင်၊
ပြန်မဖြည့်ချင်သမျှ သူ့စိတ်သူသတိနဲ့ စောင့်မကြည့်ချင်သမျှ သနားစရာကောင်းတဲ့ စိတ်အပေါက်
ကွက်လပ်ကြီးနဲ့ တစ်သက်လုံး လစ်ဟာ ပြီးနေသွားရတော့တာတဲ့။
“ဘာလို့ လူစားမထိုးပဲ အဲ့ဒီမင်္ဂလာဆောင်ကို ကျင်းပခဲ့တာလဲ၊၊
ကိုမာ တွေထဲက ဘယ်လိုအိပ်မက်ဆိုးမျိုးနဲ့မှလန့်နိုးလို့ မရနိုင်ဘူး ဖြစ်ဖြစ်နေတယ်”
( ဇာတိ )
မူးတဲ့အခါ ပေါ်လာတတ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေဆိုတာကိုက
သူတို့ ရင်ထဲကအငုံ့ စိတ်ကွက်လပ်ကြီးကို ပြနေတာဖြစ်လို့  သနားမယ်ဆို သနားစရာ ကောင်းတယ်
ဆိုတော့ Trauma လက်ဆင့်ကမ်းပွဲကြီးကို အလိုမတူလည်း ဆက်ပြီး ကနေကြရတာ မျိုးဆက်ပေါင်းများစွာ။
မျိုးရိုးလိုက်သလားဆိုတော့လည်း ဟင့်အင်း ဆိုတော့ သိပ်နားလည်ရခက်တာပဲ။ တိမ်တွေမျက်ရည်ကျတဲ့အခါ
ကောင်းကင်က အလိုလိုငိုပြရတာပဲပေါ့။ အပြုံးများအမဲ့များ ခပ်အက်အက်ရယ်သံများနောက် မျက်ရည်
များသိမ်းထားခဲ့ပါ။ “ ဖေဖေ အရက်တွေထပ်မသောက်နဲ့ တော့ အရက်သမားသမီး ဆိုတာကို ညိုဂုဏ်မယူချင်တော့ဘူး
ညည ညိုစာကျက်ချင်တယ်။ အရှက်တရား တွေမြိန်ရည်ယှက်ရည်ထမင်းလွတ်စားနေရတာ ခုဆိုညို သိပ်ရင်ပြည့်တာပဲ။
“ကျားနာခဲ ခဲတယ်လို့ပြောချင်လည်းပြောတော့ကျွန်တော့်အတွက်
ကျွန်တော် ပဲလိုတယ်“စာရွက်အတွန့်မျက်ရည်အကြေတွေ အမှိုက်စတို့ကြား စိုထိုင်း
ကောင်းသောညပါ မေမေ။
(ကောက်ကွေ့ )
လူသားရဲ့ အသွင်သဏ္ဍန်က ဘာတွေနဲ့ ဘယ်လောက်ဖုံးကွယ်ထားပါစေ
အတွင်းမှာငုံ့  ရှိုးကိုင်းကျနေတဲ့ မသိစိတ်အစိုင်အခဲကြီးကိုထမ်းပိုးသယ်မထားကြရတော့ ဒါကိုမှ
မသိဘူးဆိုပြန်ရင်လည်း ဒဏ်ရာက ဘယ်တော့မှမပျောက်တော့သလိုမျိုး သွေး တစိမ့်စိမ့်ထွက်နေတတ်တာ။အမာရွတ်ကလေးတွေကဒဏ်ရာထက်ပိုနာကျင်နေတယ်ဆိုတာလိုမျိုး
လျစ်လျူရှုလို့ မဖြစ် တယုတယပွတ်သပ်ချော့မြူနေလို့ လည်း မဖြစ်နဲ့  အတော်ကလေးအနေရခက်စေတယ်။
Trauma ဒဏ်ရာဒဏ်ချက်တွေက လျစ်လျူရှု ပြီး သတိနဲ့စောင့်မပြင်ရင်
သူတို့ သားသမီးတွေဆီအထိလည်း မသိလိုက်မသိဘာသာ လက်ဆင့်ကမ်းတတ် သေးတာ။ သတိပဌာန်ဆိုတဲ့
မိမိကိုယ်ကိုယ်သတိနဲ့စောင့်ကြည့်တဲ့ နည်းကလွဲပြီး ကုတဲ့ဆေးလည်း မရှိပါဘူး။ သနားစရာလူတွေပဲပေါ့။
ဒီကမ္ဘာမှာ Trauma နဲ့ ကင်းတဲ့လူကလည်း မရှိပြန် ဘူး။ ဒါနဲ့ ပဲ စိတ်ဓာတ်ကျတယ်ဆိုတဲ့စကားလုံးခေတ်စားလာတယ်။
စိတ်ကျပျောက် ဆေးနဲ့ အိပ်ဆေးတွေကို နေ့ စဉ်ကမ္ဘာမှာသွားလေရာ သယ်ဆောင်ပြီး ချစ်မက်ရတယ်။
ကမ္ဘာ့ရောင်းအားအကောင်းဆုံးမြင့်တက်လာကြတယ်။ ရောဂါကိုပျောက်ကင်းအောင်
မကုနိုင်ကြပေမယ့် ဝေဒနာသက်သာဖို့ ဆေးတွေ ရှိနေသေးတာကပဲကျေးဇူးတင်စရာ။
အသက်ရှင်သန်ဖို့ အတွက် မရှိမဖြစ်လိုအပ်ပါတယ်ဆိုတဲ့ အောက်ဆီဂျင်ဓာတ်ငွေ
့ပေမယ့် စက်ကရိယာအကူအညီနဲ့ တမင်တကာရှိုက်သွင်းနေရတဲ့အခါ ငြီးငွေ့ မုန်းတီး စရာ။ ရှုံးနိမ့်မှုအပေါ်
ဘယ်အရောင်နဲ့ ပြရင်ရမလဲ။ ပတ်ဝန်းကျင်လေထုထဲ ငရဲကရှေ့  တည့်တည့်ကလေးမှာတင်တဖြတ်ဖြတ်အေးခဲပြခဲ့။
မနေ့ ကအမေနေ့ တဲ့ ။အမေ့ကို ညို သတိရနေတဲ့အကြောင်း၊ဝဋ်ဆိုရင်ကျေပြီနော်လို့  တိတ်တိတ်လေး
အရှုံးပေးလိုက်တဲ့ လောကဓံအကြောင်း၊တရားမျှတမှုတွေအကြောင်းကိုနောက် ဘယ်တော့မှ ထပ်မပြော
ချင်တော့ ဘူး။
“ငါးနှစ်လုံးရွာနေတဲ့ မိုးတွေ သေသွားတယ်
မမဖူးငုံ ရက်စက်တယ်လို့
သူတို့ မသေခင်ကလေးမှာ ရအောင်အော်ပြောသွားကြတယ်”
( ဇာတိ )
နေရောင်ခြည်ကိုထူးထူးခြားခြားပြန်အတွေ့ မှာ ညို့ အမှောင်ကမ္ဘာကိုပြန်လွမ်းတယ်။
နေကလည်းဒီနေ့ ကြမှသိပ်လင်းလွန်း ၊ အသံတွေကလည်းဒီနေ့ ကြမှသိပ်ညံလွန်းပြီး လကလည်းဒီနေ
့ကြကာမှသိပ်သာလွန်းခဲ့။ ရိုးသားတဲ့မိန်းမတွေက အမြဲအသည်းကွဲတာ ပါပဲ။ နိုင်မယ်လို့ ဘယ်တော့မှမမျှော်လင့်ခဲ့ပေမယ့်
တစ်ချို့ အနိုင်တွေကို ခုံခုံမင်မင် လိုချင်နေတယ်။ ဟောဒီကမ္ဘာမှာကို့ တစ်ယောက်ပဲညိုယုံခဲ့တာ။
ဒီနေ့ မှသွားနေကြ လမ်းကခဏခဏမှားတယ်။ ပြန်နေကျလမ်းကပျောက်တယ်။ လူကူးမျဉ်းကြားကို အမြဲ
လိုလိုကြိုရပ်ပေမယ့် ညိုလူတွေနဲချိန်သားမကိုက်ဘူး ဘယ်တော့မှမကိုက်ဘူး။ပြောချင် တဲ့စကားအပိုင်းအစတွေလည်း
ဘယ်တော့မှချိန်သားမကိုက်ကြဘူး။
ဘယ်ကွေ့ မယ်ပြောပြီးညာကွေ့ ကြတဲ့အခါ ညို့ ကိုယ်ညိုတာဝန်ယူပြီးလွတ်အောင်
ရှောင်ပေမယ့် လမ်းတွေကိုမြင်တယ် ၊လူတွေကိုမြင်တယ်၊ တိမ်ကိုမြင်တယ်၊ လကို မြင်တယ်၊
ညို့ ကိုယ်ညိုမြင်ရတာကြ သိပ်ရှုပ်နေတယ်။ သွားနေကြ လမ်း က ဒီနေ့ မှပိုရှုပ် နေတယ်။ ရင်ထဲက
အသံတွေတိတ်ဆိတ်တိုးလျ သွားတော့ညို အကျယ်ကြီး အော်ရယ်လိုက်တာရှိုက်ကြီးတငင်ပဲ။ ရှိသမျှအသံတွေအားလုံးကို
repeat လုပ်လိုက်တယ်။ repeat repeatrepeatဆိုတာတွေကို ထပ်ပြီးလုပ်တယ် ။ ဒြပ်မရှိတဲ့
နေရာမှာအသံတွေအများကြီးပိတ်လို့  ညိုနစ်ဝင်သွားတာ အသံကုန်အော်လိုက်တော့ လည်းဘယ်သူမှမကြားခဲ့ကြဘူး။
စိတ်ကိုဖွင့်ထားတဲ့အခါလေထုကမသန့် စင်တော့ကိုယ့်ခြေထောက်နယ်နိမိတ်ကနေ လွတ်ထွက်သွားတဲ့ဘောလုံးတစ်လုံးလိုလွဲနေတာတွေ ဒီအတိုင်းထိုင်ကြည့်ရတာကလည်း အရသာပဲ။ ကမ္ဘာကြီးကို ညိုပြန်ထွက်သွားတဲ့အထိနားလည်မသွားတာကိုလည်းကြေကွဲမနေပါနဲ
့တော့။ ဟောဒီကမ္ဘာမှာဒါဟာသမရိုးကျရေစီးရေဆန်တွေ။ မရေရာဘူးဆိုတာတွေကို နေ့ စဉ်ကျဆိမ့်တစ်ခွက်လိုပေါ့ပေါ့ပါးပါးသုံးဆောင်
ဝေးကွာခြင်းကို အဲ့ဒီလောက်ပဲထားလိုက်ပါ။
အမှောင်ထဲမှာနေလာတာကြာရင် အလင်းရောင်မလိုပါဘူးတဲ့။
ဘဝအမှောင်ထဲမှာကျင်လည်ခဲ့တာလည်း ကြာပါပြီကွယ်
အမှောင်ထဲမှာဒီတစ်ခါတော့ အလင်းရောင်ကို တမ်းတနေမိတယ်။ ။
(ဖော်ဝေး)
မေဇော်