အနာဂတ်ဆိုတာလည်းသိပ်ရှည်ရှည်လျားလျားကြီးမဟုတ်လှပါဘူး။
နောက်ထပ်ပြက္ခဒိန်တစ်ရွက်ပဲပေါ့….။
မပျော်တော့တဲ့အခါပြန်ပြန်ပြီးတော့ထုတ်သုံးလို့ ရအောင် အပျော်လေးတွေဆိုကိုယ့်မှာ မနည်းစုဆောင်းထားရတာ။ ဘယ်ကလာပြီးဘယ်ကိုသွားရမှန်းမသိတဲ့ခရီးမှာ ကိုယ်ဟာလေလိုပဲလွင့်လို့ မျောလို့ ။ ကိုယ့်ကိုယ်ကိုယ်
စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကတိတွေကလည်း အလဲလဲအပြိုပြိုမို့  နံရံပေါ်ကပြက္ခဒိန်တွေထဲ ကိုယ်များရှိနေမလား ဆိုပြီး
အမြဲကြည့်နေရတယ်။ အခန်းတစ်ခုထဲမှာသိမ်းထားတဲ့
ပြက္ခဒိန်အဟောင်းတွေ အကုန်လုံးကို ဘယ်သူမှမမြင်တာ တော်သေးရဲ့ လို့ ကိုယ့်မှာအမြဲကံကောင်းနေရတယ်။ ပြက္ခဒိန်တွေက
ကိုယ့်ကိုအမြဲစောင့်ရှောက်မနေနိုင်ကြပေမယ့်
ကိုယ်ကသူတို့ ကိုစောင့်ရှောက်ထားရတာပဲ။ ပျောက်သွားတဲ့အရာတွေများလာတဲ့အခါ အဲဒီ အခန်းထဲကသိမ်းထားတဲ့ပြက္ခဒိန်တွေဆီ ကိုယ့်မှာအမြဲပြန်ပြီးပြေးကြည့်ရတယ်။
ကျန်တာတွေရှာဖွေဖို့ မဖြစ်နိုင်တော့တဲ့အခါတွေဆိုလေ အဲဒီမှာကိုယ်များ ရှိနေဦးမလားဆိုပြီး။
ပြန်ပြီးထုတ်ကြည့်ဖို့ မလိုအပ်နိုင်ဘူးတွေးမိလို့ ဖြစ်ချင်ဖြစ်မှာပေါ့လေ
ကိုယ်တို့ မှာမိသားစုဓာတ်ပုံမရှိခဲ့ဘူး။ ရှိတော့လည်း အဲဒီဓာတ်ပုံထဲမှာရောဘယ်နားမှာမှရော
စုမရတဲ့အမိနဲ့ သားတွေအဖတွေဖြစ်သွားခဲ့ကြရပြီပဲ ပြက္ခဒိန်တွေရှိနေရုံလောက်ဆို ပျောက်သွားတဲ့အရာတွေပြန်ကြည့်ဖို
့တော်ပြီပေါ့။ ကမ္ဘာပေါ်မှာပြန့် ကြဲနေတဲ့ ပြက္ခဒိန်အဟောင်းတစ်ရွက်ရွက်ထဲမှာတော့ မိသားစုဆိုတာလေးရှိချင်ရှိနေမှာပေမယ့် ဘယ်တုန်းကမှ
အဲဒီထဲကိုယ်မပါခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ရွေ့ လျားပျောက်ကွယ် သွားတဲ့အရာတွေကို ကြိုက်ကြိုက်မကြိုက်လိုက်ပါစီးနင်းနေရတာ ပျော်စရာ
ကောင်းတယ်လို့ ထင်မိတာတော်သေးတယ်။
ပြက္ခဒိန်တွေရဲ
့အဖုံးတိုင်းကိုကြိုးစားပြီးတော့ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ကြတာပဲ။ လူမြင်ကွင်းတွေဟာအရေးကြီးလို
့နေမှာပေါ့ ပန်းခြံတွေထဲကမြက်တွေတောင် နွားစားဖို
့မထိုက်တန်အောင်လှနေကြသလိုမျိုး။ ပြက္ခဒိန်အတွင်းသားထဲမှာတော့ ပိတ်လှောင်ထားခဲ့ကြတာတွေအများကြီးပဲ။ ခြေခင်းလက်ခင်းသာဖို
့ဆိုတာက စိတ်နဲ့ ဆိုင်တယ်သာပြောကြပြီး အဲဒီနေ့ ကနေသာတယ်အုံ့ မှိုင်းတယ် ဆိုတာတွေကသာ
မပါတာ ကျန်တာတွေကတော့ အဲဒီထဲမှာအပြည့်ပဲ။ အချိန်ကာလတွေအများကြီးကို
ပြက္ခဒိန်တွေထဲစုပြုံသိပ်ထည့်ထားလို့ ရတာ သိပ်အံ့သြစရာကောင်းတယ်လို့  အဲဒီအခန်းထဲရောက်တဲ့အခါ ကိုယ်အမြဲတန်းပြန်ပြန်ပြီးအံ့သြနေတတ်တုန်း။
ဆိုပါစို့  ကိုယ်မွေးတဲ့ရက်ဆိုတိုင်းကိုယ့်မှာအသစ်ပြန်ပြန်ပြီးမွေးဖွားနေရပြီး
အမေ ဆုံးသွားတယ်ဆိုတဲ့နေ့ တွေပြန်ရောက်တိုင်းမှာ
သေသွားပါပြီဆိုတဲ့အမေက ခဏခဏထပ်သေ ပေးနေရတာမျိုး။ တစ်ခါတလေ မပျော်တတ်တော့ဘူးထင်တာ
တောင် ပြက္ခဒိန်တွေ ထဲကိုယ်ရောက်သွားတဲ့အခါ ကိုယ့်မှာဟက်ဟက်ပက်ပက် ရယ်ပြီးမောမောလာတတ် သေးတယ်။
တစ်ကယ်တော့ကိုယ့်အခန်းလေးကကျဉ်းတယ်။ အမြဲလိုလိုပိတ်ထားတတ်တဲ့ ပြူတင်းတံခါးတွေနဲ့  အိပ်ရာဘေးမှာ
စာရေးစားပွဲလေး တစ်လုံး၊ စာအုပ်စင်တစ်ခုနဲ့ အဝတ်ဘီရိုတစ်ခုပဲရှိတဲ့ အခန်းထဲမှာ ကိုယ်ဖြတ်သန်း
ပြီးသမျှ ပြက္ခဒိန်တွေကိုစုချိတ်စီထားတာ ပျမ်းမျှလို
့ပြောကြတဲ့သက်တမ်းတစ်ဝက်စာ တောင်ကျော်ခဲ့ပြီ။ အကုန်ကြဲပြန့် သွားခဲ့ရသမျှတွေအဲဒီထဲအကုန်စုသိမ်းထားရင်းနဲ
့လေ။
ပျော်ခဲ့တယ်ဆိုတာတွေဟာမပျော်ခဲ့ပါဘူးဆိုတာတွေနဲ့  ပြက္ခဒိန်တွေထဲမှာမရေမရာ
အတူတူဖြစ်နေကြတာကို သိပ်ပျင်းလာတဲ့အခါ ခဏခဏပြန်လှန်ကြည့်ဖြစ်တယ်။
ကိုယ့်အခန်းထဲမှာနောက်ထပ် ပြက္ခဒိန်ဘယ်နှစ်ခုလောက် ထပ်ချိတ်ဖြစ်ဦးမယ် မပြောနိုင်ပေမယ့် ချိတ်ပြီးခဲ့သမျှတွေကသိပ်ရယ်စရာကောင်းတယ်။
များသောအားဖြင့်တော့လူတွေကပြက္ခဒိန်တွေရဲ့ အပေါ်ယံအကာကိုသာလှလှပပ ဖြစ်အောင်အားထုတ်ထားကြပေမယ့် အထဲမှာတော့အကုန်လုံးကအမြဲတန်း အိနြေ္ဒရရ လှလှပပ အဆုံးသတ်တွေဟုတ်ချင်မှဟုတ်တာ။
အနိဌာရုံတွေမှာလည်း အပေါ်ယံ အလှတော့လိုတယ်ဆိုပြီး
အသုဘမှာပန်းတွေ အပြိုင်အဆိုင် အလှဆင်ကြတာမျိုးပေါ့။ ကိုယ်ကတော့ ကိုယ်ပျောက်သွားတဲ့အခါ
ဘုန်းသက်ပိုင်ရဲ့ ကဗျာစာသားထဲကလို ပြက္ဒဒိန်စာရွက်ပေါ်က တစ်ခါသုံးဘဝတွေထဲများ ရောက်သွား
သလားဆိုပြီး မနည်းပြန်ရှာကြည့်ရတယ်။
ဘဝကတစ်ခါသုံးဟုတ်မဟုတ်သိပ်မသေချာပေမယ့် ကိုယ့်ဘဝတွေထည့်ထားတဲ့ပြက္ခဒိန်တစ်ခုကိုတော့ အချိန်တန်တဲ့အခါဆိုပြီး
လူတွေက တစ်ခါသုံးလိုလွှင့်ပစ်လိုက်ကြတာပဲ။ အဲဒီထဲ အချစ်တွေအလွမ်းတွေ သတိရခြင်းတွေ နာကျင်မှုဝေဒနာတွေကိုတစ်ပါတည်းသွန်ထည့်လိုက်ကြသေးတာ။
ဒါ့ကြောင့်လည်း လူတွေဟာအထိုက်အလျောက် ပျော်ဟန်ဆောင်နိုင်ကြတာဖြစ်မယ်။
ဘဝဆိုတာကိုက မျှော်လင့်နေရခြင်းတွေပဲဘာညာဆိုပြီး
နောက်ထပ်ပြက္ခဒိန်တစ်ခုကို အသစ်ဆိုပြီး
ခပ်တည်တည်ထပ်ချိတ်လိုက်ရုံနဲ့  ပြန်ပြီးအသစ်ဖြစ်ချင်ယောင်ဆောင်ကြပြန်ရော။ အဲဒီလိုနဲ
့နောက်ဆုံးတော့ဘဝဆိုတာ နေဝင်တာရယ်နေထွက်တာရယ် ပြက္ခဒိန်စာရွက်တွေတစ်ခုပြီးတစ်ခုရယ်နဲ
့ပြီးသွားတာပါပဲ။
ရထားတွေတစ်စီးပြီးတစ်စီးထွက်သွားတဲ့ဘူတာရုံထဲမှာ စနေတနင်္ဂနွေတနင်္လာတွေ
နိုဝင်ဘာဒီဇင်ဘာတွေပါ ရောရောပြီးထွက်နေကြတာနေ့ တိုင်းပါပဲ။ ဒီနေ့ ဟာဘာနေ့  လည်းဒီလဟာ
ဘာလလည်းဆိုတဲ့သတ်မှတ်ချက်ကြီးကို သတိရ မနေရတော့တာ
အတော်ကလေးကောင်းတယ်ဆိုပြီး ထွက်သွားတဲ့ရထားပေါ်မတက်သေးပဲ ပျင်းပျင်းရိရိကိုယ်ထိုင်ကြည့်မိနေတာပါပဲ။
တစ်ခါတုန်းက မက်မောခဲ့ဖူးတယ်လို့ ထင်ရတဲ့အနမ်းတစ်ခုဟာပါးပေါ်နွေးကနဲဖြစ်သွားတဲ့အခိုက်အတန်
့အတွက် အဲဒီနေ့  ဟာအင်္ဂါမဟုတ်ကြောင်းသိရဖို့  ဒါမှမဟုတ်လည်းအဲဒီတုန်းက ကိုယ်တို့ ဘယ်ပြက္ခဒိန်
ထဲ ဝင်နေမိလည်းဆိုတာပြန်မှတ်မိဖို့  အရေးတကြီးလိုတယ်မထင်မိပါဘူး။
အပြင်ဘက် က အဖေ့ကိုပြက္ခဒိန်ရှာကြည့်မှ ကိုယ်ပြန်တွေ့ ရတာလည်း သိပ်အံသြစရာ ကောင်းတယ် မထင်ပါဘူး။
ဘဝဆိုတာဒီလိုပဲဒီလိုပဲဆိုပြီး ကိုယ်တို့ ဘာမှသိပ်မသိတဲ့ အခါ ခပ်ဆဆ ပြောကြသလိုပါပဲ။
ကိုယ်ပိုင်ဆိုင်တယ်ထင်ခဲ့ဖူးသမျှတွေကို ပြက္ခဒိန်တွေ ထဲမှာ အကုန်ပြန်ရှာလို့ ရနေတာ ဘယ်သူမှသိပ်မသိကြသေးတာကံကောင်းတယ်။ အပြင်ဘက်ကလောကကြီးဟာ
မလုံခြုံတော့ဘူးလို့ ကိုယ်ခံစားရတဲ့ အခါတိုင်း ကိုယ် ရနေကြ Air Fresher နံ့ ခပ်သင်းသင်းကလေးရနေတဲ့
အဲဒီအခန်းမှောင်မှောင်လေးထဲ က ပြက္ခဒိန်အဟောင်းတွေကြားထဲ
ပြန်ဝင်ခွေနေရတာ ကိုယ့်မှာဘယ်တုန်းကမှ မမှတ်မိတော့တဲ့
အမေ့ရင်ခွင်ထဲက အရသာပြန်ရနေသလိုမျိုး နွေးတယ်။ တိတ်ဆိတ် နေတဲ့အခါ အသံတွေအကျယ်ကြီးကို
အတောမသတ် ကြားနေရတာအံသြစရာပဲ။
ခုလည်းဒီဇင်ဘာကုန်တော့မယ်ဆိုပြီးလူတွေက လှုပ်လှုပ်ရှားရှားတွေ
ဟစ်ကြွေးကြဖို့ ပြင်ဆင်နေကြပြန်ပြီ။ ကိုယ့်မှာ ဒီဇင်ဘာအခုသုံးဆယ်ကျော်ရှိပေမယ့် လမ်းညွှန်မြေပုံမှ
မပါတာ ဘာလုပ်ပစ်ရမယ်မှန်းလည်းမသိတာနဲ့  ဒီအတိုင်းပါပဲ သိမ်းထားလိုက်တော့ တယ်။ ကိုယ်ကကိုယ်သတ်သတ်
ဒီဇင်ဘာက ဒီဇင်ဘာ သတ်သတ်ဖြစ်နေတာဟာ ဖုန်းနဲ့ ဘက်ထရီဖြုတ်ထားသလောက်တောင်မှ အသက်မမဲ့တာ။ ဘဝဆိုတာလည်း ထပ်ထပ်တိုးလာတဲ့ ဖုန်းနံပါတ်အသစ်
တွေဖြစ်ချင်ဖြစ်မှာပေါ့။ ပြက္ခဒိန်ထဲမှာတော့ call log တော်တော်များများရှိနေပေမယ့် ဘက်ထရီမှမရှိတော့တာ။ တစ်ချို့ ပြက္ခဒိန် စာရွက်တွေပြန်လှန်မိတဲ့အခါမျိုးမှာတော့ ရှိုက်ကြီးတငင်ငိုသံတွေကြားတာ ခွေးလေး တစ်ကောင်သိပ်နာခဲ့ဖူးလို
့ဒါမှမဟုတ်လည်း လမ်းပျောက်သွားခဲ့လို့ နေမှာပေါ့။ အိပ်ရတာခက်ခဲတယ်ဆိုပေမယ့်လည်း သိပ်စိတ်ပူစရာမလိုပါဘူး။ ပြက္ခဒိန်တွေထဲမှာ မနက်ကြအကုန်အသစ်ဖြစ်တာပဲ။
အရှုံးတွေပေမယ့်လည်း
သဘာဝကျကျသိမ်းထားချင်တဲ့အခါ ပြက္ခဒိန်တစ်ခုဆီ
ထည့်လိုက်ရုံကလွဲလို့  မရှိဘူးမဟုတ်လား။ မြစ်ကိုကန့် လန့် ကူးရင်နီးတယ်ဆိုပေမယ့် သဘာဝအတိုင်းကွေ
့လိုက်ကောက်လိုက် ကျဉ်းလိုက်ကျယ်လိုက် ငြင်သာတဲ့အခါတွေ ရေးစီးထန်တဲ့လှိုင်းတွေရှိမှာပဲဆိုလည်း ကိုယ်ကတော့အလျားလိုက်ပဲကူးခတ်ခဲ့မိတယ်။
“ငါးတွေဟာသွေးအေးတယ်နှုတ်ဆိတ်တယ် တိုးတိတ်လွန်းတော့လည်း
အဲဒီရင်ခုန်သံကို မင်းကြားရလိမ့်မယ်မဟုတ်ပေဘူး တစ်ဘဝစာ ခပ်ကြာကြာငေးကြည့်ခွင့်ရခဲ့ရုံကလေးပဲ
ဒါ့အပြင်ဘာမှမပိုခဲ့ဘူး” ဆိုတဲ့မင်းခိုက်စိုးစန်ရဲ့ ကဗျာလေးလိုပါပဲ ကိုယ်ဟာအေးစက်နေတဲ့ရေခဲမြစ်ထဲက
မြစ်အောက်ကြမ်းပြင်ကကျောက်ဆောင်တွေကြားမှာ
ကုတ်ကပ်တွယ်နေမိတဲ့ ငါးတစ်ကောင် ဖြစ်ပါလိမ့်မယ်။ အသက်ရှင်နေခဲ့ပေမယ့် မင်းကိုယ့်ကို မမြင်ခဲ့မိဘူးမဟုတ်လား။
အကုသိုလ်တွေကလိပ်စာမပါတာဆိုးတယ်။ အနိဌာရုံတွေကအမှောင်ကြိုက်တော့
ကိုယ့်မှာအမြဲလိုလိုပုန်းအောင်းပြီးတော့လင်းနေရတယ်။ ကျေအေးကြစို့ ဆိုပေမယ့် အချိန်တန်တော့လည်းဆိုပြီးပြက္ခဒိန်တွေအသစ်တွေက
ကိုယ့်အခန်းနံရံပေါ် ပြန်ရောက်လာကြပြန်တယ်။ ကိုယ်ကအဲဒီနံရံပေါ်က ပြက္ခဒိန်စာရွက်လေးတွေ
မရှိတော့ရင် ပျော်ကျသွားမယ့် လေထဲမှာရေးထားတဲ့အရုပ်ကလေးပါဆိုတာတောင် အမည်းရောင်ပြန်ပြန်သထားတဲ့အခန်းထဲ
နောက်ထပ်ပြက္ခဒိန်အသစ်တစ်ခုကိုထပ်ပြီးပို့ ကြပြန်တယ်။ ပြက္ခဒိန်တွေထဲမှာတော့အားလုံးကအဆန်းတကြယ်တွေကြည့်ပဲ။
မဖြစ်ဘူးတာမရှိရလေအောင်ဆိုပြီး ကိုယ်လည်းချစ်ခဲ့ဖူးတယ်အချစ်လည်းခံခဲ့ရဖူးတယ်။
ပြီးမှသာအားလုံးပြက္ခဒိန်တွေထဲပြန်ထည့်လိုက်ရတာ။ နောက်ဆုံးအဖြစ်စကားပြောဖြစ် ကြတုန်းကတော့ အပြုံးကွပ်ထားတဲ့ဒဏ်ရာတွေကို ဘာမှမဖြစ်လေဟန်ဆောင်ပြီး
နေကောင်းတယ်မဟုတ်လားလို့  မေးခဲ့မိသေးတယ်။
တစ်ခါတလေကြတော့လည်း
မေတ္တာတရားဟာလမ်းမှာအပျောက်အရှိများတယ်လို့ ထင်ရင်း အေးစက်မှုန်မှိုင်းနေတဲ့လရာသီတွေဆိုတောင်ယာမီးခိုးတွေကြောင့်ဆိုပြီး
မည်းနက်နေတဲ့စိတ်ကိုအရောင်ထပ်ဆိုးမိပြန်တယ်။ စိတ်ချင်းဝေးသွားကြတာထက် ဘာမှပိုဝေးတဲ့အရာ
မရှိတော့ဘူးဆိုပြီး အနတ္တတွေပဲဆိုတာကိုပါ ဘာမှမတတ်နိုင်ပဲ
နံရံတွေပေါ် နောက်ထပ်ထပ်ပြီး ချိတ်ဆွဲထားခဲ့ရုံ။ အကြိမ်ကြိမ်ထပ်သေလည်း ပုံပြင်တွေက ပုံပြင်တွေပါပဲ။
အတိတ်တွေကို ပြက္ခဒိန်တစ်ခုထဲ အလိုက်သင့်ကလေး ထည့်သွင်း လွှင့်ပစ်လိုက်ရတာလွယ်လိုက်သည်မှာ
ယုံနိုင်ဖွယ်ရာပင်မရှိ။
ဝေးသွားတဲ့အခါ ဆိုတဲ့သီချင်းက မျက်ရည်ကြောင့် သေအံမူးမူး
အမြဲလတ်ဆတ် နေတာမျိုး။ သိသလောက်ရူးတယ်ဆိုတာ ဝေဒနာကို တမြေ့မြေ့မြည်းရင်း ရူးသလောက်
သိနေရတာမျိုး။ ကိုယ့်ကိုယ်ကိုယ်ရန်သူထင်တဲ့အခါ စိုက်ပျိုးရခက်တဲ့ဖုန်းဆိုးမြေဟာ ကျပ်တီးကုန်းခေါင်အကုန်လုံးလိုက်ပါခြောက်သွေ
့နေတာမျိုး။ ဘယ်လိုပန်းကိုမှ အညှိုး တကြီးလာမစိုက်စေချင်တော့ဘူး။ မေတ္တာတရားကိုတောင် လေးလံတယ်ထင်ပြီး တစ်ချို
့အရာတွေကိုရင်ထဲမှာတောင်မထည့်ချင်လို့ အကုန် ငြင်းဆန်ပစ်ခဲ့တာ။ အားလုံးကိုမေ့ပျောက်ဖို
့ဆိုတာကို မွေးရာပါလိုဖြစ်အောင် ကိုယ့်မှာ
တပင်တပန်း ကြီးကြိုးစားလေ့ကျင့်ယူထားရတာ။ ကိုယ်ကကိုယ်သတ်သတ်၊ ချစ်ခြင်းမေတ္တာက ချစ်ခြင်းမေတ္တာသတ်သတ်ပဲ။
ကိုယ်မတွေ့ ဖူးရုံနဲ့ သူရဲမရှိဘူးပြောတော့လည်း မတရားဘူးဖြစ်မယ်။ အဲဒါတွေ ပြက္ခဒိန်ထဲမှာတော့ ရှိချင်ရှိမှာပါ။ ရှိချင်မှလည်းရှိတော့မှာ။
အသက်ရှုရတာမဝတော့တဲ့အခါ အဓိပ္ပါယ်မရှိပြက္ခဒိန်ကိုပဲလှန်လှန်ကြည့်ပြီး
တစ်ခုခုအဓိပ္ပါယ်ထပ်ရှိသွားသလိုမျိုး ကြည့်ပြီးသားဇာတ်လမ်းကို ကြိုးစားမေ့ပြီး အစကပြန်ကြည့်။
မဟုတ်ရင်ဘယ်လိုလုပ်မလဲ သတင်းတွေကသိပ်ထပ်တယ် ဒါတွေပဲနေ့ တိုင်းဆင်တူ။ မေ့သွားပြီဆိုတာတွေကိုအသာတကြည်လက်ခံလိုက်ရင်း
အသစ်တွေပြန်ပြန်စနေတာဘယ်တော့မှမဆုံးနိုင်တော့သလိုမျိုး။ရောက်ရာပေါက်ရာ နောက်နေ့ တွေထဲ ပျော်ချင်ယောင်ဆောင်ထားတဲ့ကမ္ဘာမှာ ကိုယ်တို့ လူ
့အဖြစ်ကိုရခဲ့ကြတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီနေ
့ဟာ သောကြာဒါမှမဟုတ်လည်း တနင်္ဂနွေတစ်ရက်ရက်ဖြစ်နိုင်တာ ဘာမှမထူးဆန်းချင်ယောင်ဆောင်ပြီး ပြန်ပြန်ထူးဆန်းနေကြဦးမှာပေါ့။
ကိုယ်မရှိတော့တဲ့အခါကျေးဇူးပြုပြီး ကိုယ့်ပြက္ခဒိန်တွေ ကိုသေချာသိမ်းပေးမနေနဲ
့တော့။ နှစ်တစ်နှစ်ကို ၁၂ ပိုင်းပိုင်းပြီးကန့် တော့လည်း ကိုယ်ကဘာလုပ်ရမှာလည်း ကွယ်။
နှလုံးသားကိုတောင်ဒါ့ထက်မကပိုင်းခဲ့ကြသေးတာပဲ။ အစိတ်စိတ်အမွှာမွှာတွေ များလှလို့  အတိတ်နဲ
့ရောအနာဂတ်နဲ့ ပါအခုကိုယ်အချင်းမများချင်တော့ဘူး။ အခု လက်ရှိပြက္ခဒိန် ထဲကနေကိုယ့်ကိုဆွဲထုတ်ပေးကြပါ။
ခုညတော့ အိပ်လိုက်မှဖြစ်မယ်။ ဒီတစ်ကဒ်ပြီးရင်ရပ် ဘဝကိုသေချာကန့် ခဲ့။ ရုပ်ရှင်တွေလိုပဲဘဝက
အကန့် အသတ် လိုတယ်။ အကန့်  တွေကိုလည်းသေသေချာချာသတ်ခဲ့။ ဒီတစ်ကဒ်ပြီးရင်ရပ်။ ဘာမှမဖြစ်ဘူးရတယ်
ကိုယ်ကအိပ်လိုက်ရင်ကောင်းသွားမှာ။
ဒီဇင်ဘာကုန်တော့မယ်လို့ ပြောကြအပြီးမှာ ကိုယ့်အိပ်ခန်းနံရံပေါ်ကိုနောက်ထပ်
ပြက္ခဒိန် အသစ်ကလေးတစ်ခု ထပ်မံရောက်ရှိလာခဲ့လေ၏။ ။
အလည်ရောက်ခဲ့ပါတယ်။ ကိုယ်တိုင်လည်း အက်ဆေးချစ်သူမို့ လေးစားစွာ အားပေးလျှက်ပါ ...
ReplyDeleteThanks
Delete