“ကမ္ဘာအကျယ်ကြီးမှာစိတ်ကိုအကျဉ်းချရုံကလေးချခဲ့တာ ၊ သိက္ခာနဲ
့ဆောက်တဲ့ဒီဇိုင်းမို့ 
ထွက်ပေါက်ရှာရခက်တယ်” ဆိုတဲ့ “ ကောက်ကွေ့ ရဲ့ ကဗျာစာသား”
လိုပါပဲ။
မင်းရဲ့ အနာနဲ့ ငါ့ရဲ
့အနာတည့်တည့်တိုးကြတဲ့အခါ ငါတို့ ကံကြီးထိုက်ကြတယ်။
ဒါပေမယ့်လည်း ငါက နံရံရှိနေမှဖြစ်မယ့်နံရံကပ်စက္ကူ။
စိတ်အလျဉ်ဟာရွေ
့နှုန်းသိပ်မြန်တယ်လို့ တော့ပြောကြတယ်။ အဘိဓမ္မာဘာညာ မှာတော့ စိတ်ကိုသရုပ်ခွဲပြတာက
သိပ်ပြီးအသေးစိတ်လှတယ်။ အသေးစိတ်လွန်းတော့ မမြင်နိုင်ပဲကျော်လွှားမိသွားတဲ့အခါတွေလည်း
ရှိတတ်တာပဲမဟုတ်လား။ သတိမူရင် ဂူတွေဘာတွေမြင်နိုင်တယ်ဆိုပေမယ့် ခုဆိုဂူတွေကရှားလာပြီ။အဲဒါလည်းရေစီးကြောင်း
အလျဉ်ပဲ ။ စိတ်အလျဉ်လောက်တော့မြန်ဟန်မတူပေမယ့် ရေစီးကြောင်းကြီးထဲပါသွား ရင် ငြင်းရဆန်ရသိပ်ခက်တယ်။
ညိုကတော့ဘာတွေထဲမယ်တစ်သက်လုံးပိတ်မိနေတယ်မပြောတတ်ပါဘူး။
ရှင်သန်နေ တယ်လို့ သူတို့ ပြောကြဆိုကြတုန်းကကော
ရုန်းမိကန်မိသေး သလားမသိပါဘူး။ သေသေချာချာမှတ်မိဖို
့ဆိုတာတွေက ခုဆိုသိပ်ခက်ခဲတဲ့အရာတွေဖြစ်ကုန်ကြပြန်ပြီ။ ဒါပေမယ့်လည်း အဲဒါဘယ်လိုပဲမသေချာတယ်ဆိုစေဦးတော့
အသက်မရှိတောတဲ့ အခါကျမှတော့ ညို့ ကိုထပ်ပြီးပိတ်လှောင်ထားကြမှာကို ညိုသိပ်ကြောက်တာပဲ။
မီးသင်္ဂြိုလ်စက်တွေမရှိတဲ့အရပ်မှာ အုတ်ဂူတစ်လုံးထဲညိုတစ်ယောက်ထဲ
မွန်းကြပ်မနေချင်တော့တာကို မကြာခဏသတိပေးနေရတယ်။
ပြန်စရာအိမ်မရှိတဲ့ဘဝမှာ ပြန်လှည့်ချင်နေမိမလားဆိုပြီး ဖောင်တွေကို ကိုယ်တိုင်ပဲ
ဖျက်ဖျက်ပစ်ခဲ့ရတာ ဘယ်လောက်တောင်များနေခဲ့ပြီမှန်းလည်းမမှတ်မိ
တော့ပါဘူး။ အဲဒီလိုပါပဲ အဲဒီလိုနဲ့ ညိုအရာရာကိုမေ့ပျောက်သွားပြီ ဆိုတဲ့အကြောင်း ခုဆိုသိပ်ပြောရ
ခက်တာပဲ။ “ အင်း မမှတ်မိတော့ဘူး “ လို့ ပြောရင်လူတွေက ညို့ ကို နားမလည်ကြ ဘူးတဲ့။ ညိုကလည်း သူတို့ တွေဘာဖြစ်လို
့များခေါင်းထဲကို အမှိုက်တွေ ထည့်ပြီး လေးလေးပင်ပင် သိမ်းထားကြပါလိမ့်ဆိုတာ ပြန်ပြီးနားမလည်ဘူး။
လူအတော်များများ ကပြောတယ် ညိုကစည်းအပြင် ရောက်နေတာတဲ့။
ညို့ မှာလည်း စည်းတွေဘောင်တွေ ရှိတယ်ဆိုတာ
သူတို့ မသိကြလို့ ပါ။ ဆိုပါစို့ လေတစ်ချို
့လောက ရဲ့ သတ်မှတ်ချက်တွေက သိပ်ရှင်းတယ်လို
့ လူတွေထင်ကြတော့ အဖြူမဟုတ်ဘူး ဆိုရင်အနက်ပဲ။
အဖြူရောအနက်ရောမဟုတ်တဲ့ မီးခိုးရောင်ဖျော့ဖျော့လေးတွေထဲမှာ ညိုတို့ ရောက်နေတယ် ဆိုတာကြတော့ သူတို့ ကမေ့လျော့သွားကြပြန်ရော။
လူတွေကတော့ အသက်မရှင်တော့ရင်သေတယ်ဆိုပြီးပြောကြတာပဲ။ အရှင်
လတ်လတ်ကြီး အခေါင်းတစ်ခုထဲဝင်နေလိုက်ရရင် အဲဒါသေသလားရှင်သလား
သိပ် မကွဲ တော့ဘူးမဟုတ်လား။ အရာရာသက်သေသက်ကာယလိုချင်တဲ့သူတွေ ၊ သီအိုရီ သမား တွေဆိုရင်
ညို့ မှာအတော်ဝေးဝေးရှောင်ရှောင်နေရတာ။ သူတို
့မေးခွန်းတွေ ညို မဖြေတတ် ဘူးလေ။ ပြီးတော့ သိပ်မွန်းတာပဲ။ နဂိုကတည်းကမှ အသက်ကို မျှဉ်းမျှဉ်းပြီး
တော့ရှုနေရတဲ့သူကို မေးခွန်းတွေနဲ့ ပစ်ပေါက်ရင်
ဘယ်လောက် နာကျင်မယ် ဆိုတာကို သူတို့ ကနည်းနည်းမှ
မတွေးကြဘူး။
နောက်ဆုံး “ ကဲပြောပါဦး ခုဘာတွေ တွေးနေမိသေးလဲ “ ဆိုတဲ့
ညို့ ကို စိတ် သက်သာရာရအောင်ဆိုလား၊ သိပ်ပြီးမတွေး
တော့ အောင်ဆိုလား ဆေးလုံးလေးတွေ ပေးပေးနေတဲ့ အဲဒီဆရာဝန်ဆိုတဲ့သူရဲ့ မေးခွန်း တွေကိုလည်း
ညိုသိပ်မုန်းတာပဲ။ ဒါပေမယ့်လည်းညိုဖြင့်ခုထိသူ့ ကိုအဲဒီ အကြောင်း မပြောပြရသေးဘူး။
အားတွေဘာတွေနာတယ်ရယ်လို့ လည်းမဟုတ်ပါဘူး။ ညိုကမေ့မေ့သွားတာ။
ပြောဖို့  အတွေးတွေကိုခေါင်းထဲမှာ ဘာကိုမှအကြာကြီးသိမ်းထားလို့ မရမှမရတာ။ “ညိုကမေ့သွားပြီ”
လို့ ပြောလိုက် ရင် တချို့ လူတွေကသိပ်စိတ်ဆိုးကြတာပဲ။
ညို့ ကို သေသေချာချာသိသွားတယ်လို့ ထင်ရတဲ့သူတစ်ယောက်ကတော့
ပြောဖူးတယ်။ “ ညိုကသိပ်သနားစရာကောင်းတာပဲကွယ်” တဲ့။
“ကိုက အစတုန်းက ညို
့ကို နည်းနည်း မှနားမလည်ဘူး။ အဲဒီတော့ နားလည်အောင် အတင်းပဲလိုက်ပြီးကြိုးစားခဲ့မိတယ်”
“နောက်ဆုံးဘယ်လိုမှနားမလည်တော့မှ ညိုက နားလည်ရခက်တဲ့သူပဲ၊ နားလည်နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို
သိသွားတာ” တဲ့။ “အဲဒီတော့မှ ညို့ ကိုနားလည်သွားတော့ တာ”တဲ့။ ညိုဖြင့်သူ့ ဆီကအဲဒီစကားကြား တော့ သူဘာကိုပြောသလဲဆိုတာကို
သိပ်နားမလည်ပေမယ့် သူ့ ကိုသနားသွားတာလား ညို
့ကိုယ်ညိုပြန်သနား သွားတာ လား တစ်ခုခုပါပဲ။
“နားမလည်တဲ့အရာတွေကို
နားမလည်တဲ့အတိုင်းပဲ ထားလိုက်တာ အကောင်းဆုံးပဲ “ဆိုတဲ့ ညို့ ရဲ့ လက်သုံးစကားကို
အားနာလို့ မပြောပြဖြစ်လိုက်ပါဘူး။ ညို့ ကိုယ်ညို
တော့တစ်ခါမှ သနားစရာကောင်းတယ်လို့ တစ်ခါမှမထင်မိဖူးပါဘူး။ အရာအားလုံးကိုညို မေ့မေ့သွားတာ၊
နောက်နေ့ မနက်မိုးပြန်လင်းလာရင် အကုန်လုံးညို့ အတွက်အသစ် တွေ ဖြစ်နေတာ ညိုနေသားကျနေပါပြီ။ အုတ်ဂူတစ်ခုထဲမှာ နှစ်ရှည်လများ
နေရောင်တွေဘာတွေမမြင်ပဲနေခဲ့ရမယ်ဆိုရင် ညိုရှာဖွေတွေ
့ရှိထားတဲ့ အဲဒီ ရှင်သန်နည်းက အကောင်းဆုံးဆိုတာကို သူတို့ တွေမသိကြသေးလို့ ပါ။ လေးပင်တာ တွေ ထမ်းပိုးထားရမယ်ဆိုရင်
ညိုပိုပြီးတော့ အသက်ရှုမဝဘူး။ အဲဒါကြောင့် အကုန်လုံးကိုညိုလွတ်ကျသွားတာလား
၊ လွှတ်ချခဲ့တာလား မသိတော့ပါဘူး။ တစ်ခုခုတော့ဖြစ်မှာပါ။
ညိုတွေ့ နေကြမဟုတ်တဲ့သူတွေကိုညိုမေ့သွားတာ၊ မျက်နှာတွေကိုမှတ်သား
ထားနိုင်စွမ်းမရှိတာ ၊ နာမည်တွေကိုတစ်လုံးမှမမှတ်မိတော့တာတွေဟာ လူတွေနဲ့ မဖြစ်မနေပြောဆိုဆက်ဆံတဲ့အခါ အဆင်မပြေမှုတွေ အခက်အခဲတွေကိုတော့ ဖန်တီးနေသလိုဖြစ်တာပေါ့။
ဒါပေမယ့်လည်း သိပ်ခက်ခက်ခဲခဲကြီးမဟုတ်လှပါဘူး။ အဲဒါကိုညိုက လူတွေသူတွေနဲ့ သိပ်ပြီးမထိတွေ
့ရအောင်နေပြီး လွယ်လွယ်ပဲ ဖြေရှင်း ပစ်လိုက်တယ်။
မလွှဲသာလို့  တွေ့ ကြတဲ့အခါလည်း ညိုလည်းလူ့ လောကထဲနေတာ ကြာပြီပဲဟာ
လူတွေလုပ်လေ့လုပ်ထရှိသလိုပါပဲ ယောင်ဝါးဝါးကလေးပြုံးပြီး အသာကလေး ဟန်ဆောင်နေလိုက်တာပါပဲ။
ကိုယ်လုံးဝမသိတော့တဲ့လူတစ်ယောက်နဲ့ စကားတွေ အလိုက်သင့်လိုက်ပြောနိုင်သေးတဲ့အခါ ညိုက ငါသိပ်တော်တာပဲလို့ ထင်ပြီး ပျော်တောင် ပျော်သွားတတ်သေးတယ်။
ကိုကတော့ပြောဖူးတယ် “ မင်းမေ့သွားတတ် လို့ သာအရာရာကပျော်စရာကောင်းနေတာ၊ ကောင်းပါတယ်ညိုရယ်
အကုန်လုံးကိုသာ မေ့ပစ်လိုက်ပါတဲ့”
မေ့ပစ်တယ်ဆိုတဲ့ကိစ္စကိုသူတို့ တွေဘာဖြစ်လို့ များအဲဒီလောက်စကားတွေထဲကို
အရေးတကြီးထည့်ထည့်ပြောနေကြမှန်းညိုတကယ်နားမလည်ဘူး။ အဲဒါကြောင့် ညို့ ကိုစိတ်ချမ်းသာအောင်အိပ်ပျော်အောင်ဆေးလုံးလေးတွေပေးနေတဲ့
ဆရာဝန်ကြီးကို ညိုကမေးဖူးတယ်။ “ ညိုအကုန်လုံးမေ့မေ့သွားတယ်ဆရာ ၊ အမြဲတွေ့ နေရတဲ့ သူတွေကလွဲရင်
ညိုလူတွေကိုမမှတ်မိတော့ဘူး၊ နာမည်တွေကိုလည်း မမှတ်မိတော့ဘူး၊ အဲဒီသူတွေနဲ့ ပတ်သက်ပြီးစိတ်ဆိုးခဲ့ရ
၊ ဒေါသထွက်ခဲ့ရ၊ နာကျင်ခဲ့ရတာတွေလည်း ခဏနေရင်ညိုအကုန်မေ့သွားတာ ၊ ညို့ ကိုဘယ်လောက်ပဲ ထိခိုက်နာကျင်အောင် လုပ်ခဲ့ကြပါစေ
ညိုအကုန်မေ့သွားတာ၊ ကြိုးစားပြီးမှတ်ထားကြည့်လည်းမရဘူး၊ ပျော်စရာကောင်းခဲ့ဖူးတာတွေပဲ ညိုအလိုလိုမှတ်မိတော့တာ”
လို့ ပြောဖူးတယ်။
အဲဒီဆရာဝန်ကြီးကတော့ပြောတယ် “ ကံကောင်းတာပေါ့ကလေးရယ်တဲ့”
“ လောကမှာ ဘယ်လောက်ကံကောင်းတဲ့အရာလဲတဲ့ မေ့ပစ်ဖို့ မဖြစ်နိုင်လို့ နာကျင်နေကြရတဲ့ ကမ္ဘာမှာ
သမီးကဘယ်လောက်ကံကောင်းတဲ့သူလဲ” တဲ့။သူက သူ့ နာမည်နောက်မှာ အင်္ဂလိပ်စာလုံးတွေနဲ့  ဘွဲ့ တွေအများကြီးရှိတဲ့သူလေ။ ဥပဓိရုပ်ကလည်းကောင်းတယ်။
သဘောကောင်းသလိုလိုလည်းရှိတယ်ဆိုတော့ ညိုကတွက်လိုက်တယ်။
သူပြောတာ မှန်မှာပဲလို့ ။ အဲဒါကြောင့် “ မေ့သွားတဲ့အရာတွေ
ကိုဘာမှပြန်မှတ်မိအောင် အပန်းတကြီးကြိုးစားနေစရာမလိုပါဘူးကွယ်၊ သူ့ အတိုင်းတိုင်း ပဲထားလိုက်ပါ
ကလေးရယ် “ ဆိုတဲ့သူ့ စကားကိုညိုက အသာတကြည်လက်ခံခဲ့ တာပါပဲ။
ဒါပေမယ့်လည်း သူများပြောသမျှလွယ်လွယ်လက်မခံတတ်တာ ၊ ခေါင်းမာတတ်တာ၊
လုပ်ချင်တဲ့အရာကိုမဖြစ်မနေတဇွတ်ထိုးလုပ်ရမှဆိုတဲ့ ညို့ ရဲ့ ညဉ်ကတော့
ဘာဆေးတွေသောက်သောက်မပျောက်ဘူးနဲ့ တူပါတယ်။ ညိုကမေ့လျော့ခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကို
Searching box တွေမှာ ကြိုးစားပြီးရိုက်ရှာကြည့်သေးတယ်။ နေ့ တိုင်း နေ့ တိုင်း ညိုအမြဲရှာဖွေလေ့ရှိတဲ့
နာမည်လေးတစ်ခုကိုကြည့်ပြီးရင်ပေါ့။ သူ့ ကိုတော့ ညိုကမေ့သွားလို့ မဖြစ်ဘူးဆိုပြီး အမြဲလိုလိုခြေရာခံပြီးရှာကြည့်ဖြစ်နေတာ။ အဲဒီအကြောင်း
သူတောင်သိမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်းညိုက သိခြင်းနဲ့ မသိခြင်း ဟာ ဘာမှသိပ်မကွဲဘူးလို
့ထင်တာပါပဲ။ “ဒီလိုမှန်းသာအစကကြိုသိခဲ့ရင် “ ဆိုပြီးတော့ လူတွေကအမြဲပြောလေ့ရှိပေမယ့် ညိုထင်ပါတယ် ။ တစ်ကယ်တမ်းကြိုသိလည်း လူဆိုတာ ကိုယ်ဖြစ်ချင်တာကို
ကိုယ်လုပ်ကြမှာကြည့်ပဲ မဟုတ်ဘူးလား။ အဲဒါကြောင့် တစ်ချို့ အရာတွေက သိလည်းဘာမှမထူးဘူး။ မသိလည်းဘာမှမထူးဘူးလို
့ ညို ပြောတာပေါ့။ အဲဒါကြောင့် ညိုသူ့ ကိုမေ့မသွားအောင် ဘယ်လောက်ကြိုးစားနေလည်း ဆိုတာကို
သူသိဖို့ မလိုလှပါဘူး။
ညိုကစိုက်ပျိုးရခက်တဲ့ဖုန်းဆိုးမြေပဲလို့ တော့သူ တစ်ခါကပြောဖူးတယ်။
ထိန်းကျောင်းရ ခက်တဲ့ နွားကန်တစ်ကောင်ပေမယ့် ညိုဟာ ခွေးလေးတစ်ကောင်လိုပါပဲ။ အမှောင်တွေ
မှာမှ ရှင်သန်နိုင်တာ၊ သစ္စာရှိရှိအစွဲအလန်း ကြီးတတ်တာ၊ ဒဏ်ရာတွေနဲ့ ချောင်မှာကပ် နေရင်း
သိပ်နာတဲ့အခါဆို တိတ်တဆိတ် ဆွဲဆွဲငင်ငင်အူနေတတ်တာ မသိလို့ ပဲနေမှာ ပါ။
သိပ်လွမ်းတဲ့အခါတွေဆိုညိုက ခိုးခိုးပြီးလွမ်းရင်း နေဝင်ခါနီးတိမ်တွေတောက်နေတာပါ
မလွမ်းလောက်ပါဘူးလို့  ပြောရင်း ဘယ်တော့မှမပွင့်မယ့်ပန်းတွေကို စိတ်ရှည် လက်ရှည် အညှိုးတကြီး
ထိုင်ပျိုးချင်လည်းပျိုးနေတတ်သေးတာ။ အတိတ်ကံ အကျိုး ပေး သမျှပဲလို့  ရောင့်ရဲခြင်းပန်းတွေကိုရွှေသားအတိပြီးသယောင်ယောင်
စိတ်လိုလက်ရ လှည့်စားကြည့်နေတတ်သေးတာ။
အဲဒါတွေကိုလည်းညို
ဘယ်သူ့ ကိုမှသိအောင်ပြောမပြချင်ဘူး။ ညိုနဲ့ လူတွေက ဘာသာစကားသိပ်မတူဘူးထင်တယ်။
တစ်နေ့ တခြားလူတွေနဲ့ စကားပြောရတာ သိပ်ခက်တာပဲ။ ညိုမေ့မေ့သွားတဲ့အထဲ စကားလုံးတွေ ဘာသာစကားတွေ
ပါသွားရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး ခုဆိုညိုသိပ်ကြောက်နေမိတာ ဘယ်သူမှမသိဘူး။ ညိုချစ်တဲ့သူတွေကို
ညိုမေ့မသွားတာ ကျိန်စာလားဆုတောင်းလားဆိုတာကိုလည်း အခုထိကွဲကွဲပြားပြား ညိုမသိပါဘူး။
တစ်ခါတလေတော့ညို က ကို့ ကိုမေးမိတယ်။ “ ကို …ညိုက ရူးနေတာလားဟင်
“ ဆိုတော့ကိုယ်ကတော့ညိုစိတ်ချမ်းသာအောင်ဖြေတယ်ထင်ပါရဲ့ လေ။ “
မရူးပါဘူးကလေးရယ်…ညိုက သိပ်ကံကောင်းတဲ့သူပါ “ တဲ့။” နာကျင်စရာတွေကို ညိုဒီလိုမမေ့နိုင်မှာသာညိုရူးသွားမှာ၊
ဒါလောကက ညို့ ကိုပြန်ပေးတဲ့လက်ဆောင်ပါပဲ “
တဲ့။ ကိုကအဲဒီလိုပြောတော့လည်း ညိုက ယုံလိုက်တာပါပဲ။ ဘာကိုမှယုံကြည်စရာ မရှိတဲ့လောကမှာ
တစ်ခုခုကိုယုံကြည်နေမှသာလွင့်မျောမသွားမှာ။ ကို့ ကိုတော့ ညိုကဘာပဲဖြစ်ဖြစ်ယုံသင့်တယ်လို
့ညိုကထင်မိတာပါပဲ။ သတင်းစာတွေကို တောင် အခုဆိုညိုမဖတ်တော့ဘူး။ သတင်းတွေကနေ့ တိုင်းဆင်တူကြီးတွေပဲ
ထပ်ထပ်ပြီး ဖြစ်နေတယ်လို့ ထင်လို့ လေ။ သတင်းစာဆိုတာတွေကို ဘာဖြစ်လို့ မနက်တိုင်း ထပ်ထပ်ထုတ်နေရတယ်ဆိုတာလည်း
အခုထိကောင်းကောင်းနားမလည်ပါဘူး။
သံယောဇဉ်ဟာငြိတွယ်တတ်တယ်ဆိုတော့ ဆူးတွေပါလို့ ဖြစ်မှာပဲလို
့ညိုက တွေးမိသေးတယ်။ သတိရတယ်ဆိုတာ သတိမရချင်တော့တဲ့ အကြောင်းတွေကို တစုတဝေးကြီးပြန်ပြန်စုပြီးသိနေရတာမျိုးလို
့ထင်လို့ ဖြစ်မယ် ။ အဲဒါနဲ့ ပဲ ဟို ဆရာဝန်ကြီး ပြောသလိုမျိုးပဲ မေ့သွားပြီဆိုတာတွေကို
ပျော်စရာကောင်းတာပဲရယ်လို့  အသာတကြည် လက်ခံလိုက်ရင်း နေ့ အသစ်တွေကိုပဲ မနက်လင်းရင်
စိတ်လိုလက်ရ ပြန်ပြန်စလိုက်တော့တယ်။ တစ်ကယ်တော့လည်းအဲဒါဟာ ပျော်ချင်ယောင်ဆောင် နေခဲ့တာလား
ပျော်နေခဲ့တာလားညိုတစ်ကယ်မသိခဲ့ပေမယ့် လူဆိုတာကလည်း ကိုယ်ပျော်နေတယ် ပျော်မနေဘူးဆိုတာကို
အမှန်တစ်ကယ်ခြေခြေမြစ်မြစ် သိကြတာလည်းမဟုတ်ဘူးဆိုတော့ ဘယ်အရာကမှ သိပ်ပြီးမထူးလှပါဘူး။
လူ့ အဖြစ်ဆိုတာ နေသင့်သလောက်တော့နေသွားကြရမှာပဲလေ။
ဓာတ်ပြားအဟောင်းကြီးပေမယ့်
မရိုးနိုင်လို့ ငါဖွင့်ခဲ့တယ်
မင်းပြန်ရောက်မှပိတ်လိုက်ပါ
ဒီစာကိုမင်းဖတ်နေတဲ့အချိန်…
ငါမင်းကိုရှာတွေ
့နေလောက်ပြီ
မင်းငါ့ကိုရှာတွေ့ နေလောက်ပြီ
ဒါမှမဟုတ်ရင်ရင်ချင်းခုန်ကြ
ကမ္ဘာလည်းပျက်နေလောက်ပြီ။
( ကောက်ကွေ့ 
)
နံရံတွေကိုလည်းဆေးအသစ်ထပ်ရေးလိုက်ပါ။အမြစ်တွေကပုပ်နေပြီ
။ ညို့ ကို ဂူတွေထပ်မသွင်းကြပါနဲ့ တော့။ ကြေးစည်တွေဘာတွေလည်းမြန်မြန်ထုလိုက်ကြပါ။
ညိုကြောက်နေလိမ့်မယ် ခွေးတွေဘာတွေသိပ်မအူခင်။
။
မေဇော်
No comments:
Post a Comment